အဖွဲ့အစည်း၏ နောက်ခံသမိုင်းကြောင်း ဖော်ပြချက်





မျှဝေဂရုဏာ အကြောင်း




"Share Mercy" မျှဝေကရုဏာ အဖွဲ့သည် အစိုးရမဟုတ်သော၊ ပါတီနိုင်ငံရေးနှင့် ဘာသာရေးစည်းရုံး လှုံ့ဆော်မှု မပါသော အမြတ်အစွန်းအတွက် ရည်ရွယ်လုပ်ဆောင်ခြင်းမရှိသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာနမှ အသင်းအဖွဲ့မှတ်ပုံတင်အမှတ် (၂၀၃၃) ဖြင့်မှတ်ပုံတင်ရရှိပြီးသောအဖွဲ့အစည်းဖြစ်ပါသည်။ ၄င်းကို သက္ကရာဇ် ၂၀၁၀ ခုနှစ်၌ မြန်မာနိုင်ငံ ဘိုကလေးမြို့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အဖွဲ့၏ ရည်ရွယ်ချက်မှာ အကူအညီ လိုအပ်နေသူများနှင့် ဆင်းရဲနွမ်းပါးနှင့် ထိခိုက်လွယ်လူတန်းစားများ၏ ဘ၀ အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရေးအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ နှောင်ကြိုးမဲ့အကူအညီများပေးသွားရန် လူမှုရေးစိတ်ဓါတ်ပြည့်ဝပြီး၊ လူမှုရေး အတွေ့အကြုံရှိသော စေတနာ့ ၀န်ထမ်းများ စုစည်းထားသော အဖွဲ့ဖြစ်သည်။

ယခုအခါ အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် တောင်သူလယ်သမားများ၏ လယ်ယာမြေဆုံးရှုံးနိုင်ချေနှင့် ပြဿနာများအား မှတ်တမ်းတင်ခြင်း၊ ချိတ်ဆက်ပေးခြင်း၊ အကျိုးဆောင်ခြင်း၊ ဥပဒေထောက်ကူပေးခြင်းဖြင့် အကူအညီပေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် သန်းခေါင်စာရင်းအချက်အလက်များအား ဌာနဆိုင်ရာနှင့် ပြည်သူလူထုသိရှိအောင်ချိတ်ဆက်ပေးခြင်း၊ အမျိုးသမီးမဲပေးမှုအခွင့်အရေးများအား ဖော်ထုတ်ပေးခြင်း၊ အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ဒလမြို့နယ်တွင် မိဘမဲ့ကလေး(၂၀၀)၏ ပညာရေးသင်ကြားမှုများအတွက် ထောက်ပံ့ပေးခြင်းနှင့် ဘ၀အရည်အသွေးတိုးတက်ရေး သင်တန်းများပို့ချခြင်း၊ လူငယ်များ၏ ဘ၀အရည်အသွေး တိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးတို့အတွက် အရေးကြီးသော အင်္ဂလိပ်စာ နှင့် အခြားသော ဘ၀အရည်အသွေးတိုးတက်ရေး သင်တန်းများ ပေးခြင်း စသည်များကို အလေးထား ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်သည်။ အဖွဲ့၏ လုပ်ငန်း ဆောင်တာတိုင်းသည် အရည်အသွေးပြည့်ဝပြီး၊ အလှူရှင်နှင့် အကျိုးခံစားခွင့်ရှိသော ပြည်သူလူထုအပေါ် တာဝန်သိမှုနှင့် တာဝန်ခံမှု ရှိရေးကို ကျွန်ုပ်တို့ အလေးထားပါသည်။

ဆောင်ပုဒ်




အဖွဲ့၏ဆောင်ပုဒ်မှာ မြန်မာလိုအားဖြင့် `အေးချမ်းသာယာမြေကမ္ဘာ ဒို့တတွေ မျှဝေကူညီစောင့်ရှောက်ပါ။’
အင်္ဂလိပ်လိုအားဖြင့် 'Care and Share Towards Peaceful World' ဟူ၍ဖြစ်ပါသည်။


မူဝါဒရေးရာနှင့် ခံယူချက်သဘောထား




မျှဝေကရုဏာအဖွဲ့ကို အဓိကမူဝါဒ၊ သဘောထားအမြင် (၁၁) ရပ်ဖြင့် နှောင်တည်း ဖွဲ့စည်းထားပါသည်။ ၄င်းသဘောထား (၄) ရပ်ကို ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်တာ အ၀၀တွင် ထင်ဟပ်ပေါ်လွင်နေစေရမည် ဖြစ်ပါသည်။ ၄င်းတို့ကို မျှဝေကရုဏာ ဗဟိုဌာနချုပ်အပါအ၀င်၊ အဖွဲ့ဝင်၊ ရုံးချုပ်၊ ရုံးခွဲအသီးသီးမှာ ရှိကြကုန်သော စေတနာ့ဝန်ထမ်း၊ ၀န်ထမ်းများက ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရမည်ဖြစ်ပါသည်။ ၄င်းတို့မှာ -

1. လူ့ကျင့်ဝတ်၊ လုပ်ငန်းဆောင်တာ တာဝန်ခံမှုနှင့် အရည်အသွေးမြှင့်တင်ထိန်းသိမ်းရေးကျွန်ုပ်တို့သည် နိုင်ငံတကာ လခြမ်းနီ၊ ကြက်ခြေနီအဖွဲ့မှ ပြဋ္ဌာန်းထားသော လူသားချင်းစာနာမှုဆိုင်ရာ ကျင့်ဝတ် (၁၀) ရပ်ကို မမှိတ်မသုန် အကောင်အထည်ဖော် ထိန်းသိမ်းသွားပါမည်။ ထို့အပြင် စဖီးရားလမ်းညွှန်စာအုပ်ပါ လူသားချင်းစာနာမှုဆိုင်ရာ ပဋိဉာဉ် (၃) ရပ်နှင့်တကွ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းမှ ညွှန်းဆိုထားသော မူဝါဒ လမ်းစဉ် (၇) သွယ်ကိုလည်းကောင်း စောင့်ရှောက်ထိန်းသိမ်းအကောင်အထည်ဖော်သွားပါမည်။
2. ရပ်ရွာဖွံ့ဖြိုးရေး
3. အစိုးရမဟုတ်သော အဖွဲ့အစည်း
4. ပါတီနိုင်ငံရေးကင်းရှင်းခြင်း
5. ဘာသာရေးနှင့် ယုံကြည်ကိုးကွယ်မှုအပေါ် အခြေမခံခြင်း
6. အမြတ်အစွန်းအတွက် မရည်ရွယ်ခြင်း
7. မည်သူတစ်ဦးတစ်ယောက်ကိုမှ ခွဲခြားဆက်ဆံမှုမပြုခြင်း
8. လူ့အခွင့်အရေးစံနှုန်းများအား လေးစားလိုက်နာခြင်း
9. ဒီမိုကရေစီအလေ့အကျင့်များ ရှင်သန်စေခြင်း
10. သဘာဝပါတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် အကောင်အထည်ဖော်ခြင်း


ပံ့ပိုးပေးနေသည့် အဖွဲ့အစည်း




1. Helping Hand Relief and Development (HHRD)
2. United Nations Fund for Population Agency (UNFPA)
3. DKA Austria
4. Global Witness
5. Myintta Resource Foundation (MRF)
6. Land Core Group (LCG)
7. Tampatipa Institute
8. Theilla Waddi Cold Storage


မဟာဗျူဟာ မိတ်ဖက်အဖွဲ့အစည်းများ




1. စားနပ်ရိက္ခာ ဖူလုံရေး လုပ်ငန်းအဖွဲ့
2. တာဝန်ခံနိုင်မှုနှင့် လေ့လာသင်ယူမှု လုပ်ငန်းအဖွဲ့
3. မြန်မာနိုင်ငံ အရေးပေါ်တု့န်ပြန်မှု အစီအစဉ်
4. မြန်မာအင်န်ဂျီအိုကွန်ယက်
5. Agricultural Technical Development Foundation (ATDF)


မိတ်ဆွေအဖွဲ့အစည်းများ




1. Green Peasant Institute


အဖွဲ့၏ အဓိကမိတ်ဖက်များ







အဖွဲ့တွင် ပါဝင်ကြသူများ







လောလောဆယ် လုပ်ငန်း လုပ်ကိုင်နေသော ဒေသများ




• ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီး


မျှဝေကရုဏာ၏ ၂၀၁၄-၂၀၁၆ တွင် ဆောင်ရွက်ရန် လျာထားသည့် စီမံချက်ကဏ္ဍများနှင့်ဒေသများ




1. လယ်ယာမြေအငြင်းပွားမှုများတွင် တရားမျှတမှုရရှိအောင်ဆောင်ရွက်ရေး (မြန်မာပြည်အောက်ပိုင်း)
2. ရပ်ရွာအခြေပြုအဖွဲ့အစည်းများအားကောင်းအောင်ဆောင်ရွက်ခြင်း (မြစ်ဝကျွန်းပေါ်ဒေသ)
3. ရွေးကောက်ပွဲစိတ်ဝင်စားမှုမြှင့်တင်ရေးနှင့် စောင့်ကြည့်ရေး ပညာပေးခြင်း (မြစ်ဝကျွန်းပေါ်ဒေသ)
4. အစိုးရကျောင်းပညာရေး (ဒလ)
5. ကျောင်းပြင်ပ ပညာရေး (သံတွဲ)
6. အဖွဲတွင်းစွမ်းဆောင်ရည်မြှင့်မားအောင် တည်ဆောက်ရေး
7. လူငယ်များဘ၀အရည်အသွေးနှင့်အင်္ဂလိပ်စာစွမ်းရည်မြှင့်မားရေး (ရန်ကုန်မြို့)
8. ရပ်ရွာအခြေပြုအဖွဲ့အစည်းများဖွံ့ဖြိုးရေးနှင့် လူငယ်၊ အမျိုးသမီးများ ဘ၀မြှင့်တင်ရေး (ကွမ်းခြံကုန်းမြို့နယ်)
9. ကျေးလက်ဒေသအခြေပြုအသေးစားစီးပွားရေးလုပ်ငန်းများ (ဧရာဝတီတိုင်း ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ရန်ကုန်တိုင်း ကွမ်းခြံကုန်း၊ ဒလနှင့် ထန်းတပင်မြို့နယ်)


မျှဝေကရုဏာအဖွဲ့အားဆက်သွယ်ရန်




၁။ ဦးဟန်ရှင်ဝင်း (ဥပဒေအကြံပေး)
ဖုန်း - ၀၉-၇၉၆၂၁-၆၈၀၆၊ အီးမေးလ် hsw2005@gmail.com

၂။ ဦးအောင်မင်း (မဟာဗျူဟာအကြံပေး)
ဖုန်း - ၀၉-၇၉၈၆-၅၇၈၅၅၊ အီးမေလ်း - aungmin72.mp@gmail.com

၃။ ဦးဝေယံတင်မောင်ဝင်း (ဥက္ကဋ္ဌ)
ဖုန်း - ၀၉7955-43906၊ အီးမေလ်း - secretariat@sharemercy.net

၎။ ဒေါ်နီနီသန်း (စီမံကိန်းဒါရိုက်တာ)
ဖုန်း - ၀၉၄၂၀၁၁၉၄၂၀၊ အီးမေလ်း - ninithan17@gmail.com

၅။ ဦးသိန်းနိုင် (ဘဏ္ဍာရေးမှူး)
ဖုန်း - ၀၉-၄၂၀၀-၈၂၄၃၉၊ အီးမေလ်း - admin@sharemercy.net


အလှူငွေစီမံခန့်ခွဲပုံ







အဖွဲ့၏ ဖွဲ့စည်းပုံ







Membership Registration Form




    Feedback Form



Online Users